Tuesday, May 22, 2012

စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် တောင်ကိုရွှေ့တာပဲဖြစ်ဖြစ်၊ ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင်လုပ်နိုင်တယ်။ တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် လက်ဖ၀ါးလှည့်တာ၊ သစ်ကိုင်းချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး။
(ဆွန်ယက်ဆင်)

Monday, May 21, 2012

ကျွန်တော့်အကြိုက်ဆုံး Movie Themes Songs တစ်ပုဒ်ပါ။ ဆွေးဆွေးမြေ့မြေ့နဲ့ လွမ်းတတ်သူတွေအတွက်တော့ အကောင်းဆုံးတစ်ပုဒ် ဖြစ်ပါလိမ့်မယ်။

ခွင့်ပြုချက်ဆိုတာနဲ့ ရပိုင်ခွင့်ဆိုတာနဲ့ မတူပါဘူး။ ခွင့်ပြုချက်ဆိုတာ တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုချက်၊ ခွင့်ပြုတယ်ဆိုတာ ခွင့်မပြုလည်းရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါနေတယ်။ ရပိုင်ခွင့်ဆိုတာ ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘူး။ ရပိုင်ခွင့်ဆိုတာ မွေးရာပါ အခွင့်အရေး၊ မွေးရာပါ လွတ်လပ်မှု။
(ဆရာတော် ဦးဇောတိက)
စိတ်ချင်းအဖော် (Soul Mate) လုပ်တယ်ဆိုတာ တကယ်သတ္တိရှိမှရတယ်။ ဟန်ဆောင်မှု မရှိရဘူး။ အရိုးသားဆုံး ဆက်ဆံရမယ်။ ပြိုင်ဆိုင်မှု လုံးဝမရှိရဘူး။ တစ်ယောက်ကိုတစ်ယောက် အနိုင်မယူရဘူး။ အထင်သေးတာ၊ အထင်ကြီးတာ မရှိရဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုပေးနိုင်ရမယ်။ တစ်ယောက်ရဲ့လွတ်လပ်မှုကို တစ်ယောက်က အတားအဆီး မဖြစ်ရဘူး။
(အမည်မသိ Soul Mate)
လူတစ်ဦးက တစ်ဦးအပေါ်မှာဖြစ်စေ၊ နိုင်ငံတစ်ခုက တစ်ခုအပေါ်မှာဖြစ်စေ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ ပြုလုပ်ခဲ့ကြလို့ဘဲ ဒီကမ္ဘာကြီးမှာ ဒုက္ခပင်လယ်ဝေခဲ့တာဟာ အကြိမ်ကြိမ်ရှိပါပြီ။ တရားမဲ့ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ ဆက်လက်တည်ရှိနေသရွေ့ တုံ့ပြန်လက်စားချေမှုဟာ ကမ္ဘာပေါ်မှာ မကြာခဏ ပေါ်ပေါက်နေဦးမှာပါဘဲ။
(နဲလ်ဆင် မင်ဒဲလား)
လူတစ်ယောက်ကို သိတယ်ဆိုတာ သူ့နာမည်ကို သိရုံနဲ့ သိတယ်လို့ မဆိုနိုင်ဘူး။ သူ့ခံစားချက်ကိုသိမှ သူ့ကိုသိတယ်လို့ဆိုနိုင်တယ်။  တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်၊ အယူအဆချင်းမတူရင်လည်း လေးလေးနက်နက် နားထောင်သင့်တယ်။ ဒါမှ အတွေးအခေါ် တိုးတက်လာမယ်။ အတွေးအခေါ်ဆိုတာ ဆွေးနွေးရမယ့် အဖော်ရှိမှ တိုးတက်တယ်။
(ဆရာတော် ဦးဇောတိက)
နာမည်တတ်လို့မရတဲ့ နည်းမျိုးစုံနဲ့ ကောင်းတာကိုလုပ်ပါ..... စာနာပါ၊ ကြင်နာပါ။ ဒါပေမယ့် လူ့စိတ်ဓာတ်ကိုတော့ မထိန်းချုပ် (တွန်းအား) မပေးပါနဲ့။
(ဆရာတော် ဦးဇောတိက)
လူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့အကြောင်းကို ပါးစပ်ကနေပြောပြမှ အထမြောက်တာ မဟုတ်ပါဘူး။ အပြုအမူလုပ်ရပ်တွေနဲ့ ကိုယ်ဘယ်လောက် ချစ်နေကြောင်း သက်သေပြလို့ရပါတယ်။
(လွန်းထားထား)
နက်နက်ရှိုင်းရှိုင်းချစ်ခြင်းဟာ အင်မတန်လှပတဲ့ ခံစားမှုကို ဖြစ်ပေါ်စေတယ်။ ချစ်သူနဲ့ ဝေးရတာ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဒါပေမယ့် အမှတ်ရစရာများက သင့်ကို ခံနိုင်ရည်ရှိစေပါလိမ့်မယ်။
(အမည်မသိ)

Saturday, May 19, 2012

Firefox new tab မှာ google ကို တန်းပေါ်စေချင်လား

ဒီပိုစ့်ကို သူငယ်ချင်းတစ်ယောက်က အကူညီတောင်းလာလို့ ဖြေပေးရတာပါ ။ Friefox newtab မှာ ဒီတိုင်းပဲလေ ။ ဘာမှပေါ်မလာဘူး ။ newtab ကို နိပ်တိုင်း home ကိုသွားရတာ ပျင်းတယ် ထင်သပ ။
ကလိုဆို ဒီလုပ်လိုက် ။ ပထမဆုံး ဒီနေရာလေးကို သွားပြီးတော့ Add-On လေးကို အက်လိုက်ပါ ။ newtab ခေါ်တိုင်း Google ကို တန်းရောက်သွားပါလိမ့်မယ် ။ Add-On လုပ်တာကို မသိသေးဘူးဆိုရင် ဒီနေရာမှာ နည်းသွားယူလိုက်ပါဗျာ ။ ကျန်တာတော့ လွယ်ပါပြီ ။ အဲသမှာ ကိုယ်သွားစေချင်တဲ့ ဆိုဒ်ကို ထည့်လိုက်ပေါ့ဗျာ ။ ဥပမာ http://www.google.co.th/ ဆိုရင် ကူးထည့်လိုက်ရုံပဲ ။ အပြည့်အစုံတော့ ထည့်ရမယ် ။  ပုံကို ကြည့်လိုက်ပါဦး။
အားလုံးပဲ အဆင်ပြေပြေလုပ်နိုင်ပါစေ ။