Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, May 17, 2012

အတ္တအကျဉ်းသား (တာရာမင်းဝေ အမှတ်တရ)

ငါသည် တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏။
ထို့ကြောင့်.......
မီးတောက်ကို ချစ်လေသည်။

ငါတို့သည်.......လူသားများဖြစ်၏။
လက်ဖ၀ါးတွင် အမှားလက္ခဏာပါလေသည်။

မိုး၏အမြင့်ကိုမသိ......ဟု
ကိုယ့်ကိုကိုယ် အထင်ရှိ၏။
အမှန်ကား
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ။

ဝင်သက်နှင့် ယူခဲ့သမျှ
ထွက်သက်နှင့်ပြန်ပေးရမည်။
ဒါ........ကမ္ဘာအစရဲ့
ပထမ သီအိုရီပဲဖြစ်သည်။

ကိုယ့်ကိုကိုယ် ဒိုင်းနှင့်ကာထားပြီးမှ
သူတစ်ပါးကို ဓားဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ထိုက်။

တစ်ခါက
ဤလက်တို့ အလံလုခဲ့ကြ၏။
ထို.......ဆုတံဆိပ်
ယခု ဘယ်ဆီမှာချိတ်မည်နည်း။

ငါကတော့ (ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စ ပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲ ဖုံးသွားချင်တော့၏။

တံတား


ခြေလှမ်းတစ်ချက်
ရှေ့ဆက်ဖို့ ခက်နေချိန်မှာ
သူက လည်စင်းပြီးခင်းရှာတယ်...
ဖ၀ါးများစွာ လိုရာရောက်ဖို့
သူ့ဘ၀နဲ့ ပေါင်းကူးပေးတယ်...
သိမ့်မွေ့စွာလျှောက်လျှောက်
ခပ်ဆောင့်ဆောင့်ပဲ နင်းနင်း
သူ့ကိုသူ ဖြန့်ခင်းလို့
အပြုံးမပျက် ၀ပ်ဆင်းပေးတယ်...
သိပ်ဝမ်းနည်းဖို့ကောင်းတာက
သူ့ရင်ဘတ်ပေါ် ဖြတ်လျှောက်လို့
လိုရာခရီးပေါက်ကြတဲ့အခါ
အပြုံးသဲ့သဲ့နဲ့
ခေါင်းတစ်ချက်လောက် ငဲ့ပြီးတော့များ
အသိအမှတ်ပြုလေမလားလို့
အကြိမ်ကြိမ် မျှော်လင့်မိပေမယ့်
နောက်ခိုင်းထားတဲ့ ကျောပြင်တွေကိုသာ
နာကျင်စွာ လက်ခံရမြဲပါလေ...။

Wednesday, May 16, 2012

ငါစောင့်နေပါတယ်....


 ငါ့ဘဝထဲဝင်လာပြီး
ငါ့ရဲ့ပျော်ရွှင်ချမ်းမြေ့မှု၊ ဝမ်းနည်းနာကျင်မှုတွေကို
အတူမျှဝေခံစားပေးနိုင်တဲ့လူတစ်ယောက်ကို ငါစောင့်နေတယ်။

အချိန်အကြာကြီး ငါ့စောင့်နေခဲ့လို့
စောင့်ရကျိုးနပ်အောင်
ငါ့ကိုပိုတန်ဖိုးထားတဲ့လူတစ်ယောက်ကို ငါစောင့်နေတယ်။

ကုန်ဆုံးသွားတဲ့အချိန်တွေမှာ ငါ့အနားမရှိနိုင်ပေမယ့်
ငါ့ရဲ့မနက်ဖြန်တိုင်းအတွက် ငါ့လက်ကိုတွဲပြီး
အတူလျှောက်လှမ်းမယ့်လူတစ်ယောက်ကို ငါစောင့်နေတယ်။

ငါဟာ ပြီးပြည့်စုံသူတစ်ယောက်မဟုတ်မှန်း သိရက်နဲ့ ငါ့ကိုနှစ်သက်ပြီး
ငါ့ရဲ့ချွတ်ယွင်းချက်တွေကိုပါ နားလည်းပေးတတ်တဲ့လူတစ်ယောက်ကို
ငါ စောင့်နေတယ်....။

ပင်လယ်ရေးတဲ့စာ


ရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်

မြင်းမိုရ်တောင်ကိုလည်း မိုးကြိုးးပစ်ချလိုက်ချင်ရဲ့။

ကျောက်မြင်းရုပ်ကြီးလိုပဒပ်ရပ်ထချင်တယ်။
ပင်လယ်ကဗီးပင်တွေလိုလည်းတရှဲရှဲအော်လိုက်ချင်တယ်။

ခုတော့....ဘယ်ဖြစ်တော့မှာလဲ

သူမက

ငါ့ကို

ငြိမ်ငြိမ်လေးပဲ

လက်ပိုက်ရပ်နေတဲ့....။ 

Friday, March 23, 2012

အလွမ်း


စွဲလမ်းမှုတွေ များပြားလာတာနဲ့အမျှ
အဲဒီ့စိတ်နဲ့
ငါ့တစ်ကိုယ်လုံးလည်း အိုးချည်းပဲ
ဒီည……..အိပ်မက်လှလှမက်ရင်ကောင်းမယ်
အလွမ်းတွေရော………
တဆွေးဆွေး တမြေ့မြေ့လွမ်းချင်ပါရဲ့
ထူးကဲပြီးကွဲရမယ့်အသည်းလည်း
နောက်တဖန် အသစ်ပြန်မဖြစ်နိုင်တော့
ပိုင်ဆိုင်ရမယ့် တစ်စုံတရာဆိုတာ
အလွမ်းလှလှလေးတွေ ပေကျံနေတဲ့
အိပ်မက်တွေပဲဖြစ်မယ်

အလွမ်းဒဏ်ရာ


ငါ့နဲ့ထိုက်တန်တဲ့ ဆုလာဘ်တဲ့လား
အချစ်ရတက်ပွေသူအတွက်
သစ်ရွက်ကြွေတာလည်း ဒဏ်ရာ
အတွင်းကြေသူအတွက်
နှင်းဝေတာလည်း ဒဏ်ရာ
အငြိုးမပြေသူအတွက်
မိုးစွေတာလည်း ဒဏ်ရာ
ရွာချလိုက်တဲ့ တိမ်စိုင်တွေကို
တစစီပြန်ကောက်ဆက်လို့ မရသလိုမျိုးပေါ့။

ဝိရောဓိ



အကြိမ်ကြိမ် ပေးဆပ်ခဲ့တာတောင်
ငါ့အချစ်တွေက
အသုံးမ၀င်ခဲ့ဘူးလား
အမြဲတမ်း ဖြည့်ဆည်းပေးခဲ့တဲ့
နင့်ဆန္ဒတွေအတွက်
ငါ့စကားက အရာမရောက်တော့ဘူးလား
နင်အမြဲ အဆင်ပြေ
ပျော်ရွှင်ဖို့အတွက်
ငါ့ဆန္ဒတွေ
ငါ့မျှော်လင့်ချက်တွေ
ိုက်ချိုးခံရတာကိုလည်း
နင်မသိခဲ့ပါလား။
နင့်ကို စိတ်နာတယ်
ဒါပေမယ့်
နှလုံးသားက
အသိခေါက်ခက် အ၀င်နက်နေတယ်။

ဒဏ်ရာဟောင်း


လှပတဲ့ ညချမ်းအချိန်တွေကို နှုတ်ဆက်
လှည့်ထွက်ခဲ့ရတဲ့ မျက်ရည်စတွေထဲ
ရင်နဲ့ဆံ့သလောက် ဖိသိပ်ထားရတဲ့
စကားလုံးတွေက
အခုချိန်ထိ
မရင့်ကျက်နိုင်သေးတဲ့ ဝေဒနာ
စည်းခြားခံလိုက်ရတဲ့ ရင်ခုန်သံတွေမှာ
ဒဏ်ရာတွေက အစိမ်းသက်သက်
ရှင်ချင်လျက်နဲ့ သေခဲ့ရတဲ့
အိပ်မက်တွေထဲမှာ
တကယ်မဝေးရခင်ကတည်းက
လွမ်းဖူးပြီးသားပါ။
မှတ်သားထားဖူးတဲ့ ကြယ်စင်တွေကို
လွှင့်မပစ်ရက်ဘဲ အလွတ်ပြန်ကျက်မိတဲ့အခါ
မင်း အဆုံးစီရင်မသွားတဲ့ နှလုံးသားကို
အဖျားခတ်သွားတဲ့ ပင့်သက်တွေတိုင်းမှာ
ှိုက်သံတွေက အတူပါလာဆဲပါ။