Thursday, May 17, 2012

တံတား


ခြေလှမ်းတစ်ချက်
ရှေ့ဆက်ဖို့ ခက်နေချိန်မှာ
သူက လည်စင်းပြီးခင်းရှာတယ်...
ဖ၀ါးများစွာ လိုရာရောက်ဖို့
သူ့ဘ၀နဲ့ ပေါင်းကူးပေးတယ်...
သိမ့်မွေ့စွာလျှောက်လျှောက်
ခပ်ဆောင့်ဆောင့်ပဲ နင်းနင်း
သူ့ကိုသူ ဖြန့်ခင်းလို့
အပြုံးမပျက် ၀ပ်ဆင်းပေးတယ်...
သိပ်ဝမ်းနည်းဖို့ကောင်းတာက
သူ့ရင်ဘတ်ပေါ် ဖြတ်လျှောက်လို့
လိုရာခရီးပေါက်ကြတဲ့အခါ
အပြုံးသဲ့သဲ့နဲ့
ခေါင်းတစ်ချက်လောက် ငဲ့ပြီးတော့များ
အသိအမှတ်ပြုလေမလားလို့
အကြိမ်ကြိမ် မျှော်လင့်မိပေမယ့်
နောက်ခိုင်းထားတဲ့ ကျောပြင်တွေကိုသာ
နာကျင်စွာ လက်ခံရမြဲပါလေ...။

No comments: