Friday, March 23, 2012

Email သုံးသူများ သတိထား

Google Company ကြီးက Free Gmail Account တွေကိုလုံခြုံရေးမပေးနိုင်တော့ပါ။ ဒါကြောင့် Password မကြာမကြာ
ပြောင်းဖို့လိုပါတယ်။ Password ပြောင်းပြီး မကြာခင်မှာပဲ ဟက်ကာ (Hacker)ဖောက်ထွင်းရေး သမားတွေက
ကိုယ့်ဂျီမေးကို ထပ်ဖောက်၊ ထပ်ဝင်ကြည့်လို့ ရနိုင်ပါသေးတယ်။ ဒါကြောင့်ကိုယ့် Password ပြောင်းတာကို နောက်ထပ် မလိုက်နိုင်အောင်ကာဖို့အတွက်ကိုယ်သုံးတဲ့ စက်တွေမှာ Firefox Add-ons တွေက အခမဲ့ ပေးထားတဲ့

KeyScrambler 2.6.0
ရှိပါတယ်။ KeyScrambler2.6.0 ကို ဒေါင်းလုပ်လုပ်ပြီး မိမိ Password အတော်အသင့် ကာကွယ်နိုင်ပါတယ်။

ဒီပရိုဂရမ်က ကီးဘုတ်မှရိုက်နေတာတွေကို အမှန် လိုက်မှတ်လို့ မရအောင် (Fatedata အဖြစ်ပြောင်းပေးတယ်) ကာပေးထားပါတယ်။ ဒီတော့ Password တွေကိုအလွယ်လိုက်မရတော့ဘူးလို့ ယူဆလို့ ရပါတယ်။ ဒါပေမဲ့ ၀ယ်သုံးတဲ့ ဆော့ဖ်ဝဲလောက်တော့ မကာနိုင်ဘူးပေါ့။ သင့် Data တွေ အရေးကြီးတယ် ဆိုရင်တော့ အကာအကွယ်ဆော့ဖ်ဝဲတွေ ၀ယ်သုံးနိုင်ရင် ကောင်းပါတယ်။

လျှို့ဝှက်ရေးလုပ်ငန်းတွေ လုပ်နေသူများအတွက်ကတော့ အီးမေးတွေ မသုံးတာ ကောင်းပါတယ်။ သုံးရင်တောင်
အရင် စစ်မြေပြင်တွေမှာလိုပဲ။ ကိုယ်ပိုင် အတိုဝှက်တွေ ဆိုက်ဖာတွေကိုင်ပြီး သုံးကြဖို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။

အလကား ပေးနေတဲ့ Hotmail တို့ Yahoo mail တို့ကတော့ သူတို့မေးလ်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေး တာဝန် မယူတာတော့ ကြာလှပါပြီ။ အခုတော့ လုံခြုံရေးမှာ စိတ်ချရပါတယ်ဆိုတဲ့ အလကားရနေတဲ့ အကောင့်တွေထဲက Google Company ကြီးရဲ့ ဂျီမေး အကောင့်တွေ မလုံခြုံတော့တဲ့အခြေ ဆိုက်လာပါပြီ။

No comments: