Wednesday, May 30, 2012

ချစ်ခြင်းဟာ သူ့ဖာသာသူ သီးသီးသန့်သန့်ကလေး အပြစ်ကင်းစင်တဲ့အရာပါ။ ဒါပေမယ့် လူတွေက ချစ်ခြင်းကို သူ့အရှိအတိုင်း လက်မခံကြဘဲ ကိုယ့်ဘာသာကိုယ် ဆင့်ပွားထားတဲ့အဓိပ္ပါယ်တွေနဲ့ပဲ လက်ခံကြတာများတယ်။ ဥပမာပြောပြရင်.... သွေးသားတော်စပ်ချင်တာ၊ ပိုင်ဆိုင်ချင်တာ၊ ပြန်ပြီး အချစ်ခံချင်တာ၊ အဲဒါတွေနဲ့ ချစ်ခြင်းကို ရောထွေးပြီး နားလည်ထားကြတယ်။ တကယ်တော့ အချစ်က ပူလည်းမပူဘူး၊ အေးလည်းမအေးဘူး၊ အချစ်ကို နားလည်လက်ခံကြတဲ့လူတွေရဲ့ အသိစိတ်ကသာ ပူလိုက်အေးလိုက်ဖြစ်နေတာပါ။
(မင်းခိုက်စိုးစန်)

No comments: